Sunday, October 7, 2012

Memory Card, SD ကဒ်များမှ delete လုပ်မိသော Data များကို ပြန်လည် ရယူခြင်း

ကွန်ပျူတာမှာ မမျော်လင့်ပဲ ဖျက်လိုက်မိလို့ ပြောင်းဆုံးသွားတဲ့ Data , file တွေကိုယူဖို့ နည်းလမ်း မျှဝေပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒီတစ်ခါ စာဖတ်သူတို့အသုံးပြုနေတဲ့ memory card, micro SD ကဒ်၊ ကင်မရာသုံး SD ကဒ်များအတွက် အချက်အလက်များ ပြန်ယူလို့ ရစေမယ့် ဆော့ဖ်ဝဲ ဖြစ်ပါတယ်။

သီချင်း၊ ရုပ်ရှင်၊ ဓာတ်ပုံ၊ Application အစရှိသဖြင့် အားလုံးပြန် recovery ပြန်လုပ်လို့ ရပါတယ်။

၁။ အောက်ပါလခ့်တွင် ဒေါင်းလုခ်ဆွဲပါ။
www.pandorarecovery.com/download
သို့
http://www.softpedia.com/get/System/Back-Up-and-Recovery/Pandora-Recovery.shtml
သို့
http://download.cnet.com/Pandora-Recovery/3000-2094_4-10694796.html

၂။ Install လုပ်ရပါမယ်။
၃။ Recover files box ပေါ်လာပြီး next ကိုနှိပ်ပါ။

၎။ Recycle Bin မှာ ပြန်ရှာတွေ့သလားလို့ မေးပါလိ့မယ်။ No, I did not find ဆိုတာကို ရွေးရပါမယ်။

၅။ မိမိ recover ပြန်လုပ်လိုတဲ့ memory ကဒ် / Pen drive ကို ထိုးပြီး ရွေးချယ်ရပါမယ်။

၆။ Dee surface scan ကို ရွေးပြီး Next နှိပ်ရပါမယ်။

၇။ Star Deep surface scan ကို click နှိပ်ပေးရပါမယ်။

၈။ မိမိ delete လုပ်ထားမိသမျှ သီချင်း၊ ဓာတ်ပုံ၊ အချက်အလက်၊ Application တို့ ပေါ်လာပြီး ကိုယ်နှစ်သက်ရာ ပြန်လည်ရွေးချယ် recover လုပ်နိုင်ပြီ ဖြစ်ပါတယ်။

Memory Stick လေးတွေ အလွယ်ပြင်မယ်ဆိုရင် Repairing Memory Stick

             သဘောတရားကတော့ Format ချခိုင်းတယ်ဆိုတာက တနည်းအားဖြင့် File System မရှိလို့ပါပဲ။ Format ချလည်းမရတာကတော့ Partition Table က Corrupt ဖြစ်လို့ပါ။ အဲဒါကြောင့် Partition Table ဖျက်ပြီး အသစ်ပြန်ဆောက်၊
 ပြီးတော့ File System ပြန်သတ်မှတ်လိုက်ရင် ပြန်ကောင်းသွားပါလိမ့်မယ်။ လိုအပ်တဲ့ Software ကတော့ နှစ်ခုတည်းပါ။
Test Disk ရယ် Bootice ရယ်ပါ။ပထမဆုံး Test Disk ကို Run ပါ။ အောက်မှာပြထားသလို ပေါ်လာပါလိမ့်မယ်။
No Log ကို Keyboard က Arrow Key နဲ့ ရွေးပြီး Enter ခေါက်ပါ။ အဲဒီအခါမှာ Hard Disk နဲ့ Memory Stick ရယ်
ပေါ်လာပါလိမ့်မယ်။ Memory Stick ကို ရွေးပါ။ Enter ခေါက်ပါ။ နောက်ထပ် သူက Partition Table type ကို ရွေးခိုင်းပါလိမ့်မယ်။
Intel ကို ရွေးပြီး Enter ခေါက်ပါ။ အဲဒီအခါမှာ [Analyse] [Advanced] [Geometry] စသည်ဖြင့် ရွေးချယ်စရာတွေ ပေါ်လာပါလိမ့်မယ်။
အဲဒီထဲက [Delete] ကို ရွေးပြီး Enter ခေါက်ပါ။ Yes/No မေးရင် Y ကို နှိပ်ပြီး Enter ခေါက်ပါ။ ဒါဆိုရင် Memory Stick ရဲ့
Partition Table ကို ဖျက်ပြီး သွားပါပြီ။
ဒီထိဆိုရင် TestDisk ရဲ့အပိုင်း ပြီးသွားပါပြီ။ နောက်ထပ် Bootice ကို Run ပါ။
အောက်မှာ ပြထားသလို ပေါ်လာပါလိမ့်မယ်။
Perform Format ကို နှိပ်ပါ။ နောက်တစ်ဆင့် ပေါ်လာရင် USB-HDD mode (Single Partition) ကို ရွေးပါ။ Next ကို နှိပ်ပါ။
Dialog box ပေါ်လာရင် OK နှိပ်ပါ။ ဒါဆိုရင် Format စရိုက်ပါလိမ့်မယ်။
ရပါပြီ။ စာဖတ်သူရဲ့ Stick အပျက်ကလေး ပြန်ကောင်းသွားပါလိမ့်မယ်

                                              Test Disk

               http://www.cgsecurity.org/wiki/PhotoRec

                                     Bootice 

http://www.pendriveapps.com/bootice-partition-flash-drive-edit-boot-sector/